သင်္ကြန်မှာ စစ်ရေးအရှိန်မြှင့်မယ်လို့ မတ္တရာ PDF ထုတ်ပြန်

သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မတ္တရာ PDF က ထုတ်ပြန်လိုက်ပါတယ်။
ဒါ့ကြောင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလအတွင်း မဏ္ဍပ်တွေဆီ သွားခြင်း၊KTV တွေမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းနဲ့ လူစည်ကားရာနေရာတွေမှာ ရေဆော့ခြင်းတွေကို အထူးရှောင်ရှားကြဖို့ မေတ္တာရပ်ခံကြောင်း မတ္တရာ PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေကြောင်း ဒါ့ကြောင့် မတ္တရာ PDF နဲ့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အနေနဲ့ စစ်အုပ်စု ဝါဒဖြန့်ချိမှု မအောင်မြင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ကိုယ်တိုင် တည်ဆောက်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေကို ဖောက်ခွဲဖျက်ဆီးပြီး PDF တွေပြုလုပ်သယောင် ဝါဒဖြန့်နိုင်ခြေရှိတာကို သတိပြုကြဖို့လိုကြောင်း တပ်တွင်းသတင်း ရင်းမြစ်က ပြောကြားထားတာ ရှိပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုပြုလုပ်မယ့်သင်္ကြန်ကို ပြည်သူတွေ ငြင်းဆန်ကြဖို့ လှုံ့ဆော်နေပါတယ်။