ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်အုပ်စု လုံခြုံရေးဂိတ်ကို ဒီနေ့မနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA) က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၇ နာရီ ၄၀ လောက်မှာ ရွှေပြည်သာမြို့နယ်၊၉ ရပ်ကွက်၊ အထက (၅) စာသင်ကျောင်းအနီးရှိ အကြမ်းဖက်စစ်သားနဲ့ရဲ ပူးပေါင်းလုံခြုံရေးဂိတ်ကို YUGA က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားနဲ့ရဲ တစ်ဦးစီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေရာမှာ မိုင်း ၄ လုံး ဖောက်ခွဲဖို့ စီစဉ်ထားပေမဲ့ အကြောင်းကြောင်းကြောင့် မိုင်းတစ်လုံးသာ ထားရှိခွင့်ရခဲ့ တယ်လို့ သိရပါတယ်။
ပြောက်ကျားရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။