ခင်ဦးမြို့နယ် ငါးတင်းကြီးရွာမှာ အိမ်ခြေ ၂၅၀ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ငါးတင်းကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက ဧပြီလ ၃ ရက်နေ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မနက် ၉ နာရီတစ်ကြိမ်၊ နေ့လယ် ၁ နာရီ တစ်ကြိမ် နှစ်ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ရာ ညချိန်အထိ မီးခိုးရောင်တွေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မီးရှို့မှုကြောင့် အိမ်ခြေ ၂၅၀ ခန့်အထိ ပြာကျပျက်စီးခဲ့ပြီးဖမ်းဆီးခံရတဲ့ ကျေးရွာနေ မိသားစုတွေကို နှိပ်စက်ပြီး ကြိုးတုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ ငါးတင်းကြီးရွာကနေ ဒီနေ့ဧပြီလ ၅ ရက်နေ့မှာ ပြန်ထွက်သွားခဲ့ပြီး သူတို့ကို စိုင်ဂေါင်းရွာနဲ့ အုန်းပင်ကုန်းရွာကြားမှာ PDF နဲ့ ဒေသခံကာကွယ်ရေးတွေက မိုင်းဆွဲတိုက်ခဲ့မှုတွေ ရှိခဲ့ပါတယ်။
ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ခြေပေါင်း ၇၀၀ ခန့်ရှိလာပြီ ဖြစ်သလို ဒေသခံထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး နေရာ၊ စားစရာနဲ့ ဆေးဝါးတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။