နယ်၊ ရန်ကုန် – ပြည် ကားလမ်းပါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေကို ဒေသခံPDF တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရန်ကုန် – ပြည် ကားလမ်းပါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေကို ဒေသခံPDF တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဂုံမင်းမြောင်ကျေးရွာ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှေ့မှာ ရန်ကုန် – ပြည် ကားလမ်းပေါ် သွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို ဆက်ကြေးကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သာယာဝတီခရိုင် PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်တွေက ဧပြီ ၄ ရက်နေ့မှာ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး ပြင်းထန် ဒဏ်ရာရရှိပြီး ရဲ ၄ ဦးလည်း ထိခိုက်မှုတချို့ရှိခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်ရဲတွေဟာ အဲဒီလို ဆက်ကြေးကောက်ခံနေတာကြာပြီလို့ သာယာဝတီမြို့၊ ရန်ကုန်-ပြည် ကားလမ်းမပေါ်နေသူတစ်ဦးက ပြောပါတယ်။
‘ရဲတွေက ကုန်ကားတွေတင်မကဘူး။ ခရီးသည်တင်ယာဉ်တွေကိုလည်း ၅၀၀ မျိုး ၁၀၀၀ မျိုးတောင်းကြတာပဲ။ အဲဒါက အဝေးပြေးလမ်းတိုင်းမှာ စစ်ခွေးရောရဲရော တောင်းစားနေကြတာ။ ဘာမှမရရင်တောင် ရေသန့်တစ်ဗူးလောက်တော့ ရအောင်တောင်းစားကြတယ်’ လို့ သူကပြောပါတယ်။
သာယာဝတီခရိုင် PDF အနေနဲ့ အကြမ်းဖက်စစ်တပ်ကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးပါတယ်။