မုံရွာမြို့ ၆ နေရာမှာ ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာထောင်ထဲက အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အနေနဲ့ မုံရွာမြို့ပေါ်က နေရာ ၆ ခုမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force က ထုတ်ပြန်ပါတယ်။
မုံရွာထောင်ထဲ မတရားမှုကို တော်လှန်ဆန္ဒပြနေချိန်မှာ Unity Force Monywa, Brother Defense Force နဲ့ မြို့ပေါ် ပြောက်ကျားမဟာမိတ်အဖွဲ့တွေဟာ ယမန်နေ့ညနေ ၆ နာရီခွဲလောက်က မုံရွာမြို့လယ်မီးပွိုင့်၊ ဇရပ်ဝိုင်းမီးအပွိုင့်အနီး၊ ကျောက်ကာလမ်းနဲ့ သီတာလမ်းထိပ်၊ ကျောက်ကာလမ်းပေ (၈၀) လမ်းထိပ်၊ ကျောက်ကာလမ်း ကမ္ဘောဇဘဏ်ခွဲဟောင်းရှေ့နဲ့ ပြည်ထောင်စုလမ်းမပေါ်တို့မှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖောက်ခွဲမှုတွေကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ် အချက်အလက်ကို ဆက်လက်စုံစမ်းနေကြောင်း သိရပါတယ်။
အဲဒီဖောက်ခွဲတိုက်ခိုက်မှုတွေမှာ ပြောက်ကျားရဲဘော်တွေ ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး။
မုံရွာထောင်ထဲမှာ မနေ့ညနေပိုင်း ၅ နာရီခွဲလောက်ကစပြီး အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာပြီးနောက် သေနတ်ပစ်သံတွေ ကြားရကာ အကျဉ်းသားတစ်ဦးသေပြီး ၅ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။