တန့်ဆည်မှာ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်စိမ်းလန်းရုံးနဲ့ ဝရင်ငယ်-ရွာသစ်ကျေးရွာအနီးတို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်၁၅ဦးလာက် အပြင်းအထန်ထိခိုက်ကျဆုံးနိုင်တယ်လို့သိရပါတယ်။

ဧပြီ၂ရက်၊ ည၉နာရီ၁၀မိနစ်လောက်မှာ  တန့်ဆည်မြို့နယ်စိမ်းလန်းရုံးနဲ့ တန့်ဆည်မြို့နယ် ဝရင်ငယ်-ရွာသစ်ကျေးရွာအနီးတို့မှာ  Myanmar Defense Force – Taze Tiger နဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ရွှေဘိုခရိုင်တပ်ရင်း(၁၀)တို့ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားနဲ့ပျူစောထီးတို့ ထိခိုက်ကျဆုံးနိုင်ကြောင်း  Myanmar Defense Force – Taze Tiger ကိုကနေ့ထုတ်ပြန်ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးမီးလောင်ပျက်စီးသွား ပြီးကျန်ကားတစ်စီးမှာလည်း အပြင်းအထန် ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါ တယ်။