မြောက်ဒဂုံက YGN Bar ကို တိုက်ခိုက်ခဲ့တယ်လို Justice Bringer Force ထုတ်ပြန်

မြောက်ဒဂုံ၊ ပြည်ထောင်စုလမ်းမကြီး၊ စွမ်းအင်ကားမှတ်တိုင်နားမှာရှိတဲ့ YGN Barကို ဒီနေ့မနက်ပိုင်းက Justice Bringer Force -JBF က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
အာဏာသိမ်း စစ်အုပ်စုကို အထောက်အပံ့ပေးနေတဲ့ ထောက်တိုင်တွေနဲ့ ငွေကြေးအရ ပံ့ပိုးနေသူတွေအပြင် ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ Justice Bringer Force အဖွဲ့က ဆိုပါတယ်။
YGN Bar ဟာ Bar အမည်ခံနဲ့ KTV ဖွင့်လှစ်ထားတာဖြစ်ပြီး အထဲမှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။