ကျိုက်မရော လျှပ်စစ်ရုံးမုခ်ဝကို အဝေးထိန်းမိုင်း ၃ လုံးနဲ့ ဖောက်ခွဲ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်က လျှပ်စစ်ရုံးမုခ်ဝကို အဝေးထိန်းမိုင်း ၃ လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၂ နာရီ ၄၅ မိနစ်မှာ မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စွန်ရဲမြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်။
‘ပေါက်တော့ပေါက်တယ်။ အိပ်ရေးပျက်ရုံလောက် ပေါက်တယ်လို့ ကျိုက်မရောက သူငယ်ချင်းတွေပြောတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက မော်လမြိုင်မြို့ပေါ်က စစ်ခွေးတွေ လူပါးမဝရဲအောင် စစ်တပ်နဲ့ရဲ ပစ်မှတ်တွေကို ရွေးပြီးတိုက်စေချင်တယ်။ ပြီးတော့ လောင်းကစားဝိုင်းအကြီးအကျယ်လုပ်နေတဲ့ ချောင်းဆုံက လောင်းကစားနေရာတွေမှာ ဖောက်ခွဲစေချင်တယ်’ လို့ မော်လမြိုင်၊ မြိုင်သာယာရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ကျိူက်မရော လျှပ်စစ်ရုံးဖောက်ခွဲရာမှာ ပြည်သူတွေ မထိခိုက်အောင် လူခြေတိတ်ချိန်မှာ ဖောက်ခွဲခြင်းဖြစ်သလို ပေါက်ကွဲမှု အားနည်းတာကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ မော်လမြိုင် ပကဖရဲ့ ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။
မော်လမြိုင် တစ်ဖက်ကမ်းက ချောင်းဆုံမြို့နယ်၊ ကုလားဘီရွာနဲ့ ဖံဖရွာကြားမှာ ရဲအစောင့်အရှောက်နဲ့ လောင်း ကစားဝိုင်း အကြီးအကျယ် လုပ်နေပြီး ချောင်းဆုံသားတင်မက မော်လမြိုင်၊ ကျိုက်မရောနဲ့ မုတ္တမဘက်က လူတွေပါ သွားရောက်လောင်းကစားလုပ်ကြတယ်လို့ ချောင်းဆုံသားတချို့က ပြောပါတယ်။