ဆန္ဒပြ ပြည်သူတွေကို လမ်းပိတ်ကာကွယ်ပေးခဲ့တဲ့ YBS ယာဉ်မောင်း ထောင်သုံးနှစ်ကျ

Photo- လူမှုကွန်ရက်
ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို စစ်အုပ်စုတွေ အကြမ်းဖက်ဖြိုခွင်းဖို့ လာချိန်မှာ လမ်းပိတ်ပြီး ပြည်သူတွေကို ကာကွယ်ပေးခဲ့တဲ့ YBS ၂၄ ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းဟာ ထောင်သုံးနှစ် အမိန့်ချမှတ်ခံလိုက်ရပါတယ်။
မတ် ၃၀ ရက်မှာ YBS ၂၄ ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံဖို့ အင်းစိန်ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့နှစ် မတ် ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေး လူထု ဆန္ဒထုတ်ဖော်ပွဲကို စစ်အုပ်စုတွေ အကြမ်းဖက်ဖြိုခွင်းဖို့ ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ YBS 24 ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းက အကြမ်းဖက်စစ်အုပ်စုတွေ ရှေ့ဆက်မတိုးနိုင်အောင် လမ်းကို YBS ယာဉ်နဲ့ ကန့်လန့်ဖြတ်ပိတ်ပြီး ပြည်သူတွေကို ကာကွယ်ပေးခဲ့တာပါ။
အဲဒီဖြစ်စဉ်ကြောင့် ကိုကျော်ခိုင်ဝင်း ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရပါတယ်။ ကိုကျော်ခိုင်ဝင်းမှာ ဇနီးနဲ့ ကလေးနှစ်ဦး ရှိတယ်လို့သိရပြီး သူအဖမ်းခံလိုက်ရတာကြောင့် မိသားစုမှာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။