ဆွာရဲစခန်း လောင်ချာနဲ့ ပစ်ခတ်ခံရ

Photo-ရေတာရှည်PDF
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အတွင်းရှိ ဆွာနယ်မြေရဲစခန်းကို ၄၀(မမ) လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ည ၇ နာရီကျော်က ဆွာနယ်မြေရဲစခန်းကို တောင်ငူခရိုင် တပ်ရင်း (၁) နဲ့ ရေတာရှည် PDF (၂) တို့က ရှော့တိုက်ပြောင်းတစ်ကြိမ်နဲ့ ၄၀ (မမ) လောင်ချာနဲ့တစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရေတာရှည် PDF (၂) က ဒီကနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
ဒုတိယအကြိမ် ၄၀(မမ) ပစ်ခတ်တော့မယ့်အချိန်မှာ အိမ်စီးကားတစီး မောင်းလာတာကြောင့် ရှောင်ပစ်ခဲ့ရာ ရဲစခန်း အုတ်နံရံသာ မှန်တယ်လို့ သိရပါတယ်။
‘ဒီနေ့မနက် သိရတဲ့သတင်းအရ ရဲစခန်းထဲ လက်နက်ကြီးထိတယ်ပြောတယ်။ လူအသေအပျောက် စာရင်းကို အတည်မပြုနိုင်သေးပေမဲ့ သေတယ်လို့ကြားတယ်’ လို့ တောင်ငူမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ပစ်ခတ်သံကြားရင် ရောက်တဲ့နေရာမှာ သာ ယာဉ်တွေကို ရပ်ထားပေးကြဖို့ ရေတာရှည် PDF က မေတ္တာရပ်ခံထားပါတယ်။