ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်က အကြမ်းဖက်စစ်တပ်ကို အခုထက် ပိုမိုတိုက်ခိုက်သွားမယ်လို့ ပဲခူးခရိုင် PDF က ထုတ်ပြန်လိုက်ပါတယ်။
ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) တပ်ခွဲ (၁) ဟာ အမြန်လမ်း မိုင်တိုင်အမှတ် (၅၂) ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဲဒီလို ထုတ်ပြန်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား (၃) ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီးပေါက်ကွဲမှုဖြစ်တဲ့ နေရာကို စစ်ဆေးဖို့ ထပ်မံရောက်ရှိလာတဲ့အကြမ်းဖက် စစ်ကားကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးခြမ်းပျက်စီးကာ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တောင်ငူမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ရန်ကုန်-မန်းအမြန်လမ်းတစ်လျှောက်ရှိ မြို့တချို့မှာ PDF တွေ အားကောင်းလာတယ်လို့ ဆိုပါတယ်။
‘ကျွန်တော် အမြန်လမ်းတစ်လျှောက်က PDF တွေ စုစည်းပြီးတိုက်ပွဲဖော်ဆောင်နိုင်ရင် စစ်ခွေးတွေ တော်တော် ယောက်ယက်ခတ်ရမယ် ထင်တယ်’ လို့ သူကပြောပါတယ်။