ဒဂုံတက္ကသိုလ် ကျောင်းသားနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

စစ်အုပ်စုရဲ့ မတရား ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားနှစ်ဦးကို လှည်းကူးမြို့နယ် တရားရုံးက မတ် ၂၉ရက်မှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်သုံးနှစ်စီ ကျခံဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၉ ရက်မှာ ဒဂုံတက္ကသိုလ်မှ ရုက္ခဗေဒမေဂျာအထူးပြု ကျောင်းသား ကိုဇင်လင်းအောင်နဲ့ သတ္တဗေဒမေဂျာ အထူးပြုကျောင်းသား ကိုမောင်မောင်မင်းခန့်တို့ နှစ်ဦးကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်သုံးနှစ်ကျခံဖို့ လှည်းကူးမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့​တာလို့ ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းမှ စုံစမ်းသိရပါတယ်။
ကိုဇင်လင်းအောင်နဲ့ ကိုမောင်မောင်မင်းခန့်တို့ကို ၂၀၂၁ ခုနှစ်ဇွန် ၈ ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တာပါ။
မတရားဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်ရှိနေပြီး သေဒဏ်နဲ့ တစ်ကျွန်းအထိ ချမှတ်ခံထားရသူတွေလည်း ရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။