ဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖိတ်ခေ

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ဝဏ္ဏ မောင်လွင် တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ဖိတ်ကြားချက်အရ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီ ၂ ရက်နေ့အထိ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးတွေ တရုတ်နိုင်ငံကို လာရောက်ကြမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ၂၈ ရက်နေ့၊ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောကြောင်း VOA က ဖော်ပြပါတယ်။
အဲဒီခရီးစဉ်မှာ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေကို အမြင်ချင်း ဖလှယ်ကြမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် GDI ကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ တရုတ်က မျှော်လင့်ကြောင်း ဒါ့အပြင် ဒီခရီးစဉ်ဟာ တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်တာလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံက ဝဏ္ဏ မောင်လွင်ကို ဖိတ်ကြားမှုဟာ စစ်အုပ်စုအတွက် လူရာသွင်းအသိအမှတ်ပြုခံရခြင်းဆိုတဲ့ အမြတ်ထွက်စေမယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။
‘တရုတ်က လူရာသွင်းမယ်။ ဖျောင်းဖျမယ်ဆိုတာမျိုးပေါ့။မြန်မာနိုင်ငံမှာ ဒီမိုကရေစီပဲဖြစ်ဖြစ် အာဏာရှင်ပဲဖြစ်ဖြစ် တရုတ်လိုချင်တာ တည်ငြိမ်ရေးပဲဆိုတော့ တည်ငြိမ်မှုတစ်ခုအတွက် ဝဏ္ဏ မောင်လွင်ကနေ မင်းအောင်လှိုင်ဆီသတင်းပေးမယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်က သူထောက်ခံထားတဲ့ အာဆီယံမူ ၅ ရပ်ကို ပြန်ထွေးထုတ်လို့တော့မရဘူး’ လို့ သူကဆိုပါတယ်။