ရန်ကုန်မြို့တွင်း အလှည့်ကျမီးပေးတဲ့ စနစ်ပုံစံကြောင့်နေထိုင်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ရန်ကုန်မြို့တွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
မီးလာချိန်မမှန်တော့ အလုပ်တွေလည်းပျက်ပြီး နောက်ဆက်တွဲ ရေပြသနာတွေလည်း ရှိတာကြောင့် အထပ်မြင့်နေတဲ့သူတွေ ပိုအဆင်မပြေဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း နေရာတချို့မှာ တစ်ပတ်ကြာတဲ့အထိ ၂၄ နာရီလုံး မီးဖြတ်တောက်သွားမယ်လို့ ကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးနီးပါး လျှပ်စစ်ဓါတ်အား ပေးဝေတာကို ၅ နာရီခြားတခါအုပ်စု A,B သတ်မှတ်ပြီးဖြန့်ဖြူးပေး နေတာပါ။
စက်မှုဇုန်တွေမှာတွေတော့ တစ်နေ့ကို ၈ နာရီသာ မီးပေးဝေနေတယ်လို့ သိရပါတယ်။