နိုင်ဂျီးရီးယားမှာ ခရီးသည်တင် ရထားတစ်စီးကို သေနတ်သမားတွေ တိုက်ခိုက်

Photo – AFP
 
နိုင်ဂျီးရီးယားနိုင်ငံ ခါဒူနာပြည်နယ်မြောက်ပိုင်းမှာ ခရီးသည် တထောင်လောက်စီးနင်း လိုက်ပါလာတဲ့ရထားတစီးကို အမည်မသိသေနတ်သမားတွေကို ပြန်ပေးဆွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီဂိုဏ်းအဖွဲ့ဟာ မြို့တော်အဘူဂျာနဲ့ ခါဒူနာမြို့ကြားထဲက ရထားလမ်းပေါ်မှာ မိုင်းဖောက်ခွဲပြီးနောက် ရထားကို ရပ်ခိုင်းခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပြီး သေနတ်သမားတွေ ရထားပေါ်တက်လာပြီးနောက် အမျိုးသားတဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပြီး အခြေအနေကို ထိန်းထားနိုင်ကာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ကြပါတယ်။
မြို့တော်အဘူဂျာနဲ့ ခါဒူနာမြို့ကြားက အဓိကလမ်းမကြီးမှာ တိုက်ခိုက်မှုတွေနဲ့ ပြန်ပေးဆွဲခံမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ခရီးသွားအများစုဟာ ရထားနဲ့ပဲ သွားလာကြတော့ပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ရထားလမ်းမှာ ဒုတိယအကြိမ်တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ ငွေညစ်ဖို့အတွက် ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်တွေ အဖြစ်များလာပြီး ဓားပြတွေဟာလည်း ပိုပြီးအတင့်ရဲလာကြတယ်လို့ သိရပါတယ်။