ဆွာမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စု ၆ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊ ဂွေးသဲကျေးရွာနဲ့လယ်သာရွာကြား ရှမ်းတဲဘုရားအနီးမှာ မနေ့က မတ်လ ၂၈ ရက်နေ့ ကအကြမ်းဖက်စစ်အုပ်စုတပ်နဲ့ သံတောင်မြောက်ပိုင်း (NTDF) တပ်ဖွဲ့တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး၊ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ NTDF (သံတောင်မြောက်ပိုင်းအထူးဒေသ ဦးကိုကြီးတပ်ဖွဲ့) က သတင်းထုတ်ပြန်လိုက်ပါတယ်။
သံတောင်မြောက်ပိုင်း အထူးတပ်ဖွဲ့ (NTDF) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ခွဲထွက်ပြီး ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ ဖြစ်ပြီး အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ပြည်သူနဲ့ ရပ်တည်ပြီး ပြန်လည်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။