ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းဝင်နေရ

Photo- AFP
အတူနေသူတချို့မှာ ကိုဗစ်ပိုး တွေ့ရှိလို့ ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်း ဝင်နေရပြီး ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ သိရပါတယ်။
‌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ကိုဗစ်ရောဂါ မတွေ့ရှိပေမယ့် ကိုဗစ်စည်းကမ်းတွေနဲ့အညီ သီးသန့် အသွားအလာကန့်သတ် ထားတယ်လို့ တရားရုံးအသိုင်းအဝိုင်းက ဆိုပါတယ်။
ကွာရန်တင်းဝင်နေရတာကြောင့် မတ်လ ၂၄ ရက်နေ့ တရားရုံးချိန်းကတည်းက လာရောက်နိုင်ခြင်းမရှိသလို ဒီနေ့ နဲ့ မနက်ဖြန် မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှု တွေကိုလည်း စစ်ဆေးဖို့ လာနိုင်ဦးမှာမဟုတ်ဘူးလို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူ ၈ ဦးအနက် တချို့မှာ ကိုဗစ်ကူးစက်ခံ ထားရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကိုအကြမ်းဖက်စစ်တပ်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ – ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရပါတယ်။လက်ရှိမှာ အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။