စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် CDM ဆရာဆရာမများ ဦးဆောင် သင်ကြားတဲ့ စာသင်ကျောင်းတွေ စတင်ဖွင့်လစ်နေပြီး ကြားကာလ ပညာရေး လုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးတွင် ပါဝင်အားဖြည့်သွားမယ်လို့ Myaung Education Network က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
လက်ရှိအချိန်မှာ မြောင်မြို့နယ်အတွင်းရှိ CDM ဆရာ ဆရာမတွေနဲ့ စေတနာရှင် ဝန်ထမ်းတွေ စုပေါင်းကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်လျက်ရှိပြီး ရွာပေါင်း ၂၀ ကျော် ၃၀ နီးပါးမှာ စာသင်ကျောင်းပေါင်း ၁၇ ကျောင်း ၊ကျောင်းသားသူ ၃၀၃၂ ယောက်နဲ့ စတင်ဖွင့်လှစ်နိုင်ပြီလို့ ဆိုပါတယ်။
Myaung Education Network မြောင်ပညာရေးကွန်ရက် သတင်းထုတ်ပြန်ချက်အရ NUG Ministry of Education, National Unity Government of Myanmar ပညာရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး Myaung Edu အဖြစ် မြို့နယ်ပညာရေးလုပ်ငန်း လုပ်ဆောင်ရမယ့် ရည်ရွယ်ချက် ၊ မူဘောင်၊ လုပ်ငန်းစဥ်တွေကို တင်ပြထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မြောင်ပညာရေးကွန်ရက် အဖွဲ့အစည်းကို မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ကာ ပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းတွေဖွင့်လှစ် ပညာသင်ကြားပေးနိုင်ရေးအတွက်ပါ ဆက်လက် လုပ်ဆောင်သွားမယ်လို့ Myaung Education Network က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။