ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ဖွဲ့စည်း

ဒေသတွင်း ပြောက်ကျား ၄ ဖွဲ့စုစည်းပြီး ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်ပါတယ်။
ယောဒေသတွင်း တကွဲတပြားစီဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တသွေးတသားတည်း စည်းလုံးညီညွတ်မှုနဲ့ ယောဒေသပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုကာလောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)၊ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KTU-PDF)၊ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Htilin PDF)နဲ့ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ပူးပေါင်း ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို တပ်ပေါင်းစုဗဟိုကော်မတီက ဦးဆောင်ကာ ယောဒေသပြည်သူလူထုအကျိုးစီးပွားနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရရည်မှန်းချက်တွေကို စုပေါင်းအကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။
‘ပြည်သူတွေက PDFတွေ အတူလက်တွဲနေတာမျိုးမြင်ချင်ကြတယ်။တစ်ဖွဲ့တည်းတိုက်တာထက် အင်အားစုစည်းပြီးတိုက်တာက စစ်ခွေးတွေကို မြန်မြန်အမြစ်ဖြတ်နိုင်မယ်လို့ယုံကြည်စိတ်နဲ့ တပ်ပေါင်း စုဖွဲ့ကြတာ’လို့ ကျောက်ထုPDF ရဲဘော်တစ်ဦးကပြောပါတယ်။
ယောဒေသတွင်းကျန်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ဆက်လက်ညှိနှိုင်းလုပ်ဆောင်နေပြီး ယောပြည်သူတွေလိုလားတောင့်တနေတဲ့ ယောဒေသတွင်းစည်းလုံးညီညွတ်ရေးနှင့် တစုတစည်းတည်းသော ပြည်သူ့ကာကွယ်ရေးအင်အားစုတစ်ခု ဖြစ်လာအောင် ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စုစည်းမှု၊စည်းလုံးညီညွတ်မှုနဲ့ သာ စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်းဆိုပါ တယ်။