မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်းတဲဝချောင်းမှာ စစ်အုပ်စုကို ဆပ်ကြေးပေး သဲတူးဖော်နေတာရပ်ဖို့ တလုပ် PDF က သတိပေးလိုက်ပါတယ်။
ဆင်တဲဝချောင်းထဲက သဲတွေကိုတူးကာ အကြီးအကျယ်ရောင်းဝယ်ဖောက်ကားနေတဲ့ လုပ်ငန်းရှင်တွေရဲ့ အမည်၊နေရပ်လိပ်စာနဲ့ ကိုယ်ရေးအချက်အလက်တွေကို အတိအကျရရှိထားပြီးပြီလို့ တလုပ် PDF ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တောင်သာမြို့နယ်၊ ကိုင်းရွာမှာ နေထိုင်သူတစ်ဦးက ခေတ်ပျက်ကြီးထဲမှာ ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းစားသူတွေရဲ့ မျက်နှာပြောင်တိုက်မှုကို အံ့ဩမိတယ်လို့ ဆိုပါတယ်။
‘ဒီကာလက လောင်းကစားကစပြီး ဘာလုပ်လုပ် စစ်ခွေးတွေက သူတို့လိုင်းကြေးရရင် အကုန်လက်ခံတာပဲ။ ပေါင်းစားသူတွေဘက်က သတိပေးတာကို လက်မခံရင် သေချာကိုင်တွယ်သင့်တယ်’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ကို ထောက်ပံ့မှုပေးကာ သဲတူးတာ ဆက်လုပ်နေပါက စစ်အုပ်စုထောက်တိုင်အဖြစ် သတ်မှတ်ကာချေမှုန်းသွားမယ်လို့ တလုပ် PDF က ထုတ်ပြန်ထားပါတယ်။