အင်းစိန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု

ဒီနေ့မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက အင်းစိန်မြို့နယ် မြို့နယ်ခန်းမရှေ့မှာ “၂၀၂၁ -၂-၁ ၊ ကျွန်ုပ်တို့ တရားမျှတမှုကို လိုအပ်တယ်” လို့ ရေးသားထားတဲ့ စာသားကို ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။
အင်းစိန်မြို့နယ် ခေတ်လူငယ်အဖွဲ့က အကြမ်းဖက်စစ်အုပ်စုကို လက်မခံပဲ တော်လှန်ကြောင်း အခုလို လှုပ်ရှားဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။