တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီနေ့ မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့ အထိမ်းအမှတ်အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးတွေ၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂကျောင်းသူ/သားတွေနဲ့ လူငယ်တွေ ပါဝင်ခဲ့ကြပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “တောင်းတန်မြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။