နော်ဝေမှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ NUG ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖိတ်ကြာ

Phto – NUGအစိုးရရဲ့နော်ဝေကိုယ်စားလှယ်ရုံး
ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို နော်ဝေနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး NUG အစိုးရ ၊ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ Froland မြို့တော်ဝန်က ဖိတ်ကြားထားကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ တည်ရှိရာမြို့ဖြစ်တဲ့ နော်ဝေနိုင်ငံ၊ Froland မြို့ရဲ့ မြို့တော်ဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မတီအဖွဲ့က NUG အစိုးရ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို မတ်လ ၂၅ ရက်က လာရောက်ပြီး ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။
အခုလို လာရောက်ဖိတ်ကြားခြင်းနဲ့ ရွေးကောက်ခံ ပြည်သူ့အစိုးရကို ဆက်လက်အားပေး ထောက်ခံနေကြောင်း ပြသခြင်းဖြစ်ကြောင်း NUG အစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
လာရောက်ဖိတ်ကြားတဲ့ အဖွဲ့ဟာ စစ်အုပ်စုကို ကိုယ်စားပြုတဲ့ မြန်မာသံရုံးနဲ့ အဆက်အဆံ မပြုတော့ဘဲ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ NUG အစိုးရရဲ့ ကိုယ်စားလှယ်ရုံးကိုသာ အသိအမှတ်ပြုတဲ့ အနေနဲ့ လာရောက် ဖိတ်ကြားတာလည်းဖြစ်ပါတယ်။
လာရောက်ဖိတ်ကြားတဲ့ Froland မြို့တော်ဝန် Ove Gundersen ၊ ပန်းခြံကော်မီတီ ဥက္ကဌ U John Mang၊ အတွင်းရေးမှူးနဲ့အဖွဲ့ဟာ NUG အစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးမောင်မောင်မြင့်နဲ့ ကိုယ်စားလှယ်ရုံးရဲ့ ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းတို့နဲ့ တွေ့ဆုံကာ မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်စေဖို့ နော်ဝေနိုင်ငံသားတွေက ကူညီဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
Phto – NUGအစိုးရရဲ့နော်ဝေကိုယ်စားလှယ်ရုံး