အမေရိကန်က ရုရှားကုမ္ပဏီနှစ်ခုနဲ့ မြောက်ကိုရီးယားအဖွဲ့အစည်းတခုကို အရေးယူဒဏ်ခတ်မှု စာရင်းသွင်းလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၄ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်.
Ardis Groupနဲ့ PFK Profpodshipnik LLC စတဲ့ရုရှားကုမ္ပဏီနှစ်ခုနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပရိုဂရမ်အတွက် ပစ္စည်းတွေပေးပို့ပေးတဲ့ Second Academy of Natural Science Foreign Affairs Bureau အဖွဲ့တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံသားတဦးနဲ့ မြောက်ကိုရီးယားနိုင်ငံသားတဦးကိုလည်း အရေးယူပိတ်ဆို့ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အင်အားပြင်း မစ်ဇိုင်းအမျိုးအစားသစ်တခုကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ဖော်ပြောကြားလိုက်တဲ့နေ့မှာပဲ အမေရိကန်ရဲ့ အခုကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။
ယူကရိန်းအပေါ် ရုရှားကျုးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့နဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့တို့ ဆွေးနွေးနေချိန်မှာပဲ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေကို အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။