မိုးညှင်းမှာ လေပြင်းတိုက်ခတ်မှုလို့ လူနေအိမ် ၁၅ လုံးပျက်စီ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဘီလူးမြို့အနီးရှိ အုန်းစံဆိုင်ကျေးရွာမှာ မနေ့ည ၁၁ နာရီလောက်က လေပြင်းတိုက်ခတ်မှုတ်ကြောင့် လူနေအိမ် ၁၅ လုံးနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Kachin News Group က ဖော်ပြပါတယ်။
”နေအိမ်ကတော့ ၁၅ လုံး ပျက်စီးသွားတယ်။ စာသင်ကျောင်းဆောင်လည်းအမိုးတွေအကုန်လန်သွားတယ်။ ပြီးတော့ဘုန်းကြီးကျောင်းအမိုးလန်သွားတယ်။ အလှူမဏ္ဍပ်လည်းတစ်ခုပျက်စီးသွားတယ်ဗျ” လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
လေတိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံတွေကို ကျေးရွာနေပြည်သူတွေမှာ ပရဟိတအဖွဲ့တွေက ပြန်လည်ပြုပြင်ပေးနေတယ်လို့ သိရပါတယ်
.
အဆိုပါအုန်းစံဆိုင်းကျေးရွာမှာ ရှမ်းလူမျိုးအများစုနေထိုင်ကြကြောင်းသိရပြီး ၂၀၂၀ ခုနှစ်ကလည်းလေပြင်းတိုက်ခတ်လို့ လူနေအိမ် အလုံး ၂၀ ပျက်စီးခဲ့ပါတယ်။
Source and Photo – Kachin News Group