ကသာမှာ အကြမ်းဖက်တပ် မိုင်းထပ်ဆွဲခံရ၊ ၄ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းသင်္ဘောလုံခြုံရေးယူဖို့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီနေ့ နေ့ခင်း ၁၂ နာရီ မိနစ်၄၀ လောက်မှာ မြို့လှ PDF တပ်ရင်း နယ်မြေအတွင်းအင်အား ၇၀လောက်ပါ တဲ့အကြမ်းဖက်စစ်တပ်ဟာ သင်္ဘောလုံခြုံရေးရယူဖို့ မြေနုကျွန်းကနေ အောက်ဘက် သံပုရာကုန်းရွာကို ခြေလျင်စစ်ကြောင်း ထိုးလာစဉ် မြေနုကျွန်းနဲ့သံပုရာကုန်းရွာကြားအရောက်ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်က မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မြို့လှPDF ကထုတ်ပြန်ပါတယ်။
အဲဒီနောက်၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်တွေ အထိခိုက်မရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။
ကသာမြို့ ရပ်ကွက်၅နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘ဒီနေ့ကတော့ ကျွန်တော်တို့မြို့ပေါ်က သတင်းရတာစစ်ခွေးတွေ နှစ်ကြိမ်ရှိပြီ မိုင်းထိပြီးသေတာ’လို့ ပြောပါတယ်။
ဒီနေ့မနက် ၇နာရီကျော်လောက်က ကသာမြို့နယ်၊ မိုးတားလေးရွာကနေ ဝဲကြီးရွာဘက် ခြေလျင် စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။