ကလေးတောင်ပိုင်းမှာ စစ်ရေးဆက်ပြင်းထန်နိုင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းဒေသမှာ စစ်ရေးအခြေအနေ ဆက်လက်ပြင်းထန်လာနိုင်ဖွယ် ရှိတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
ကလေးတောင်ပိုင်း‌ဒေသကို အကြမ်းဖက်စစ်တပ်က အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြဖို့လည်း ကလေး PDF က မေတ္တာရပ်ခံပါတယ်။
ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ဖို့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ ရှိသမျှ လက်နက်ခဲယမ်းအနည်းငယ်နဲ့ အကြမ်းဖက်စစ်တပ်ကို အစွမ်းကုန်ရင်ဆိုင်ခုခံ တိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။
ယမန်နေ့ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ၁၀ ဦးလောက် ကြံသာရွာအရှေ့ဘက် မြစ်သာမြစ်အနီး ကင်းပုန်းဝပ်ဖို့လာစဉ် ကလေး PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၁ ဦး ဒဏ် ရာရပြီး PDF တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။