ဆိုးရွားနေတဲ့ မြန်မာ့လူ့အခွင့်အရေး ဒိန်းမတ်ဝန်ကြီးနဲ့ ကုလအထူးသံတမန် ဆွေးနွေ

မြန်မာ့အရေး ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဒိန်းမတ်ဝန်ကြီးနဲ့ ကုလသမဂ္ဂ အထူးသံတမန်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာမှုနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဒိန်းမတ်နိုင်ငံနဲ့ ကုလသမဂ္ဂ အတူတကွ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့ ကုလအထူးသံတမန် ဒေါက်တာ နိုလင်းဟေဇာတို့ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ထုတ်ပြန်ပါတယ်။
အဲဒီလိုဆွေးနွေးခွင့်ရတဲ့အပေါ် ဝမ်းမြောက်မိတယ်လို့ ဒိန်းမတ်ဝန်ကြီးက ပြောကြောင်းလည်း သိရပါတယ်။
သူတို့အနေနဲ့ မြန်မာပြည်သူနဲ့အတူ ရပ်တည်နေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်ပံ့ပိုး နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။