မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့ တောင်းဆိုလိုက်တဲ့ အမျိုးသမီးထု လှုပ်ရှားမှု

ဒီနေ့ မတ်လ ၂၃ ရက်နေ့ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း “ASEAN: Stand for Democracy, Not for Dictator” ခေါင်းစဥ်နဲ့ နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အာဆီယံအနေနဲ့ အကြမ်းဖက် စစ်အုပ်စုဘက်က မရပ်တည်ဘဲ မြန်မာပြည် ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့အတွက် “ASEAN: Stand for Democracy, Not for Dictator” ဆိုပြီး တောင်းဆိုခဲ့ကြတာပါ။
အဆိုပါ လှုပ်ရှားမှုကို အမျိုးသမီးတွေ ဦးဆောင်ပြီးတော့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသား များသမဂ္ဂနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။