စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ပြီး စစ်အုပ်စုထောက်တိုင် Non CDM ဝန်ထမ်းတွေကို နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁) အရန်တပ်ခွဲ (၁) နဲ့ Zarmani Revolution Force တို့ပူးပေါင်းပြီး မြောင်ထွေအုပ်ရုံးကို တိုက်ခိုက်ခဲ့ကြရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ပြောက်ကျားရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
MRA အနေနဲ့ ပြောက်ကျားစစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။