ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အကြမ်းဖက် စစ်တပ်ဝန်းကျင် နေရာတွေက လမ်းဘက်ကို မျက်နှာမူထားတဲ့ CCTV တွေ ဖြုတ်သိမ်းပေးကြဖို့ သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်ရာနေရာတွေက လမ်းဘက်မျက်နှာမူထားတဲ့ ကင်မရာတွေဟာတော်လှန်ရေး ရဲဘော်တွေ အလုပ်လုပ်ရာမှာ အနှောက်အယှက် ဖြစ်စေနိုင်တာမို့ အခုလို မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
‘မြို့ပြပြောက်ကျားတွေအတွက် အစစအရာရာ သတိကြီးကြီးထား တိုက်ပွဲဝင်နေရတဲ့ ကာလမှာ ပြည်သူတွေ အနေနဲ့လည်း ပြောက်ကျားတွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းတဲ့နည်းနဲ့ ကူညီကြစေချင်တယ်’ လို့ သန်လျင်၊ တာဝမှ ာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွနဲ့ ခရမ်းတို့က တော်လှန်ရေး ရဲဘော်တွေဟာ စစ်အုပ်ပစ်မှတ်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေကြပြီး ခရမ်းမြို့တိုက်ခိုက်မှုတွေက အပြင်းထန်ဆုံး ဖြစ်ပါတယ်။