စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အေးကုန်းရွာ လမ်းဆုံနားမှာ မိုင်းဆွဲခံရပြီး အကြမ်းဖက်စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီနေ့နေ့ခင်း ၁၁ နာရီခွဲလောက်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သား ၁၂ ဦးပါတဲ့ ခွေးဘီလူးကားကို ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က လက်လုပ်ပြောင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
‘၄ ယောက်သေတယ်။ ကျန်တဲ့တစ်ကားလုံး ဒဏ်ရာရတယ်။ အဲဒီထဲက စခ ၄ကောင်က ဒဏ်ရာပြင်းတယ်’ လို့ ဒေါင်းနက်ပြောက်ကျားခေါင်းဆောင် ရဲဘော်ပေ က ပြောပါတယ်။
အေးကုန်းရွာဟာ ပုလဲမြို့အရှေ့ဘက် တစ်မိုင်လောက်အကွာမှာ တည်ရှိပါတယ်။