ထောင်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးမှုပြုလုပ်ပေးဖို့ LGBT အဖွဲ့တောင်းဆို

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲက ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားတွေအပေါ် လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတာကို စစ်ဆေးပေးနိုင်ဖို့ ICRC ကို တင်ပြတောင်းဆိုလိုက်လို့ LGBT Alliance Myanmar က မန္တလေးရဲ့ ဒေသတာဝန်ခံတစ်ဦးက ပြောပါတယ်။
အကျဉ်းထောင်တွေမှာ အမျိုးသမီးနဲ့ LGBT တွေသာမက အမျိုးသားတွေအပေါ်ပါ အမျိုးမျိုးသော အကြမ်းဖက်မှုတွေကျူးလွန်တာနဲ့ ပတ်သတ်ပြီး ICRC အနေနဲ့ ကူညီပေးနိုင်ဖို့ လက်မှတ်ထိုး ကမ်ပိန်းပြုလုပ်သွားမယ်လို့ သူကဆက်ပြောပါတယ်။
လက်မှတ်ထိုး ကမ်ပိန်းကို သပိတ်အင်အားစုတွေ CDM ကွန်ရက်တွေ တော်လှန်ရေးရဲဘော် အင်အားစုတွေ စုပေါင်းပြုလုပ်သွားမှာဖြစ်ပြီး ကမ်ပိန်းစတင်မယ့်နေ့ကို မကြာမီ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပြည်သူတွေအနေနဲ့ တစ်ဦးခြင်းဖြစ်ဖြစ် အစုအဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ် ပါဝင်ပေးကြဖို့ နှိုးဆော်ထားပါတယ်။