ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ အာဆီယံအထူး ကိုယ်စားလှယ်နဲ့ အကြမ်းဖက် စစ်အုပ်စု တွေ့ဆုံမှုအပေါ်ကန့်ကွက်ကြောင်း သံဃသမဂ္ဂသံဃာတော်များဦးဆောင်ကာ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။
“ASEAN STAND FOR DEMOCRACY NOT FOR DICTATOR “၊“ အာဆီယံ ဒီမိုကရေစီ အတွက်ရပ် တည်ပါ။ အာဏာရှင်ကိုဆန့်ကျင်ပါ။ ”စတဲ့စာသားတွေ ကိုင်ဆောင်ပြီး သံဃသမဂ္ဂသံဃာတော်တွေဦးဆောင်ပြီး ကျောင်းသားပြည်သူတွေဝန်းရံခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းဟာ မန္တလေးမြို့လည်ခေါင်တနေရာမှာ စစ်အုပ်စုနှင့် တွေဆုံတဲ့ အာဆီယံ အထူး ကိုယ်စားလှယ် Prak Sokhonn ကို မြန်မာနိုင်ငံသားတွေ မကြိုဆိုကြောင်း၊ အလိုမရှိကြောင်း ကြွေးကြော်ကာ အာဏာရှင်စနစ် ဖြုတ်ချရေး ချီတတ်သပိတ်မှောက်ခဲ့ကြပါတယ်။