ဧပြီလထဲ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ပေမယ့် စိန်ခေါ်မှုတွေရှိနေ

၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ဧပြီလထဲ ပြန်ဖွင့်သွားဖို့ ကြေညာလိုက်ပေမယ့် စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း နာယကက DNA ကိုပြောပါတယ်။
သင်္ကြန်အပြီး မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက်မှာ ပြန်ဖွင့်မယ့်လို့ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး ထိုင်း၊ မလေးရှားနဲ့ စင်ကာပူတို့တော့ အရင်ပြေးဆွဲနိုင်ပြီးကိုရီးယားဂျပန်နဲ့ တခြားနိုင်ငံတွေကတော့ ပြည်တော်ပြန်တွေလောက်ပဲ ရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ၂ နှစ်ကျော်ကြာ ထိခိုက်မှုတွေ ကြုံနေရတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူဖို့ကတော့ အချိန်ယူရနိုင်တယ်လို့ ဆိုပါတယ်။