ဒီကနေ့ဖြစ်ပွားတဲ့ ဒီပဲယင်းတိုက်ပွဲအကြမ်းဖက်စစ်သား ၁၀ဦးသေ

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊တနယ်-ဆင်ရောက်ကုန်းရွာမှာ ခေတ္တအထိုင်ချနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူလည်း များကြောင်းသိရပါတယ်။
ဒီနေ့ မှာ C&T SHWEBO၊ SNAKE EYES-PDF နဲ့ တပ်ပေါင်းစု(၂)တို့ဟာ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ သွားရောက်အားဖြည့်ခဲ့ပြီး ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အင်အား ၁၀၀လောက်ရှိတဲ့အကြမ်းဖက်တပ်ဟာ ပင်စည်ရွာကိုဖြတ်ပြီး ဒီပဲယင်းမြို့ဘက် ဦးတည်ကာ ဆုတ်ခွာသွားကြောင်း C&T SHWEBO ကထုတ်ပြန်ပါတယ်။
ဒီကနေ့တိုက်ပွဲမှာ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးမှ အထိအခိုက်မရှိခဲ့ပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ ဒီပဲယင်းမြို့နယ် ညောင်လှရွာ၊ နမြားရွာ၊ ယဉ်ကျေးရွာ၊ မရိုးကုန်းရွာ ၊ကြူတောရွာ၊ ကျွဲတိုးခြုံရွာ ၊ချောင်းမြီးတိုရွာ ၊တည်တောရွာ ၊သပြေကုန်းရွာ ၊မြင်းတန့်ကျေးရွာ ၊ဒိုင်နက်ရွာ ၊မရကန်ရွာ ၊ရွာသစ်ရွာ နဲ့တနယ်- ဆင်ရောက်ကုန်းကျေးရွာတစ်လျှောက် တစ်ပတ်လောက် ဆက်တိုက်စစ်ကြောင်းထိုးခဲ့ပြီး ‌စစ်ကြောင်းတစ်လျှောက်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
အကြမ်းဖက်တပ်ဟာ စစ်ကြောင်းထိုးခံရ‌တဲ့ ရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ယူငင်ပြီး မရကန်ကျေးရွာရှိ နေအိမ်(၈)လုံးကိုမီးရှို့ဖျက်ဆီးကာ သက်ကြီးရွယ်အိုတစ်ဦးကိုလည်း မီးရှို့ သတ်ခဲ့တယ်လို့ C&T SHWEBO ကထုတ်ပြန်ပါတယ်။