ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်သားတစ်ဦး CDM ဝင်

မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်တွေနဲ့ အတူ CDM ဝင်ပြီး ပူးပေါင်းလာတယ်လို့ ရေလယ်ကျွန်း ဒေသပျောက်ကြားတပ်ဖွဲ့ကဒီနေ့ မတ်လ ၁၈ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရဲဘော် အာကာစိန် သည် G-3 တစ်လက်၊ကျည်ဆံတွေနဲ့အတူ မတ်လ(၈)ရက်က လာရောက်ခဲ့တာဖြစ်ပြီး ဆုကြေးငွေကျပ်သိန်း(၃၀)နဲ့အတူ လွတ်မြောက်နယ် မြေရောက်ရှိတဲ့အထိ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
ရဲဘော် အာကာစိန် (လ-၂၆၉၀၄၁)ဟာ ရေစကြိုမြို့ မြေတော်ရဲစခန်းတွင် တာဝန်ထမ်းဆောင် နေပြီး ရဲတပ်သားလုပ်သက်(၅) နှစ်ရှိပြီလို့ဖော်ပြထားပါတယ်။
ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်များအနေနဲ့ CDM ပါဝင်လိုပါက နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ထံ အလင်းဝင် ရောက်လာတဲ့ ရဲနဲ့ စစ်သား ရှစ်ထောင်ကျော်ရှိလာပြီလို့ဆိုပါတယ်။
Crd -Yso.ISA-ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့