ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်အုပ်စုထိုးစစ်ဆင်မှုတွေကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် အကြမ်းဖက်စစ်အုပ်စုတွေ ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးက ဘိုကုန်းကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNG သတင်းဌာနကဆိုပါတယ်။
ဘိုကုန်းကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၂ထောင်ကျော် နေထိုင်ပြီး လတ်တလော အခြေ အနေတွေကြောင့် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဘိုကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ များတွင် အရင်ကလည်း အကြမ်းဖက်စစ်တပ်က မကြာခဏစစ်ကြောင်းထိုးတာကြောင့် ကျေးရွာအတွင်းကပြည်သူတွေ တောထဲမကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းပြန်သွားမှ နေအိမ်ကိုပြန်ကြရတယ်လို့ဆိုပါတယ်။
စစ်အုပ်စုတပ်တွေဟာ ဖေဖော်ဝါရီလကစပြီး ဗန်းမော်၊ရွှေကူနဲ့ ကသာအထက်ပိုင်းကို စစ်အင်အား အများအပြား တိုးချဲ့ လာတဲ့ အတွက် ၂၀၂၂ ဇန်နဝါရီလကနေ အခုလ မတ်လ ၁၅ ရက်နေ့ထိကို ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲအကြိမ်ရေ ၂၀ ထက်မနည်းရှိလာပြီလို့သိရပါတယ်။
Source- Kachin News Group