မင်းစုံတောင်ဘေးမဲ့တောမှာ သစ်ခိုးထုတ်နေတာ ရပ်ဖို့ နွားထိုးကြီးPDF သတိပေး

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊မင်းစုံတောင် ဘေးမဲ့တောမှာ သစ်ခိုးထုတ်နေတာကို ရပ်တန်းကရပ်ဖို့ ဒေသ ခံPDF ကသတိပေးလိုက်ပါတယ်။
နွားထိုးကြီးမြို့နယ်အတွင်းရှိ မင်းစုံတောင်ဘေးမဲ့တောမှာ တာဝန်ကျသစ်တောဦးစီး ဒေါ်လေးလေးခိုင်နဲ့ အကြမ်းဖက်ရဲတွေ ပူးပေါင်းပြီး သဘာဝသယံဇာတတွေနဲ့ နှစ်ရှည်သစ်ပင်ကြီးတွေကို တွင်တွင်ကျယ်ကျယ် သစ်ခိုးထုတ်နေခြင်းအပေါ် နွားထိုးကြီးPDF ကသတိပေးလိုက်ခြင်းဖြစ်ပြီး ဆက်လက်လုပ်ကိုင်နေပါကထိရောက်စွာအရေးယူသွားမယ်လို့ နွားထိုးကြီးPDF ကထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင်မီးသွေးထုတ်လုပ်သူ၊ချိန်းဇောမောင်းသူနဲ့ သစ်ခိုးထုတ်ရာမှာ ပါဝင်ပတ်သက်သူ ဘယ်သူမဆို ဆက်လက်လုပ်ကိုင်နေရင် အသက်ကိုအာမခံချက်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။