၂၇ရက်နေ့ကစပြီး တိုက်စစ်အရှိန်မြင့်တင်တော့မယ်လို့ BRHA ထုတ်ပြန်

မတ်လ ၂၇ရက်နေ့ကစတင်ကာ တော်လှန်ရေး တိုက်စစ်အရှိန်မြင့်တင်တော့မှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု အခြေခံအုတ်မြစ်ဖြစ်အောင် ထောက်ပံနေတဲ့ မီတာရုံးနဲ့အခွန်ရုံး စည်ပင်ရုံးတွေကို အဓိကပြစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ Burma Revolution Hlaing Army – BRHA က ထုတ်ပြန်လိုက်ပါတယ်။
ပျောက်ကျားစနစ်အတိုင်း ရုတ်တစ်ရက်လူမြင်ကွင်းမှထွက်လာပြီး လျှက်တစ်ပျက်တိုက်ခိုက်မူတွေ ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေ ဝမ်းရေးအရ ၊ ကိစ္စတစ်စုံတစ်ရာကြောင့် mission နယ်နိမိတ်ထဲရောက် နေခဲ့ရင် မစပ်စုပဲ လွတ်ကျွတ်ရာလမ်း ( သို့)အဆောက်အအုံထဲ ဝင်ရောက်နေထိုင်ပေးဖို့ ထည့်သွင်းရေးထားပါတယ်။
ဖောက်ခွဲတိုက်ခိုက်ရာတွင် အမဲရောင်အိတ်တွေ ပါဆယ်ဗုံးတွေကို အသုံးပြုမှာဖြစ်လို့ ကြိပ်ကြိပ်အိတ်အမဲတွေ ကို အထူးသတိထားရှောင်ရှားပေးဖိုလဲဆိုပါတယ်။ရန်ကုန်မြို့တော်လှန်ရေး အင်အားစုတွေနဲ့လည်း ပူးပေါင်းစစ်ဆင်ရေးတွေ ပြန်လည်အရှိန်မြင့်တော့မယ်လို့အသိပေးထားပါတယ်။