ပြောက်ကျားတွေတိုက်ခိုက်တာခံရတဲ့ ဖားကူးရဲစခန်းမှာ အင်အားထပ်ဖြည့်

ပြောက်ကျားတပ်ဖွဲ့တွေရုတ်တရက်ဝင်တိုက်ခဲ့တဲ့ သန်လျင်မြို့နယ်၊ဖားကူးရဲစခန်းကို အကြမ်းဖက်စစ်အင် အားဖြည့်တင်းလိုက်တယ်လို့သိရပါတယ်။
ယမန်နေ့ညနေပိုင်းမှာ စစ်ကားတွေရောက်လာပြီး လူအင်အားထပ်ဖြည့်ခြင်းဖြစ်ပြီ ညွှန်ကြားချက်ထပ်မထွက် မချင်း ဖားကူးရဲစခန်းမှာပဲ နေရဦးမယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းမီဒီယာက ဖော်ပြပါတယ်။
သန်လျင်မြို့နယ် ဖားကူးရဲစခန်းကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ၁၆ရက်နေ့ မနက်၂နာရီမှာ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
‘အင်အားထပ်ဖြည့်တာ စစ်ခွေးတွေရော ရဲခွေးတွေရောပါတယ်။မနေ့ညကတည်းက ရဲစခန်းအပြင်ဘက်တွေ မှာပါ ကင်းပုန်းတွေချထားတယ်လို့ ဖားကူးရွာက လူတွေလည်းပြောနေတယ်’လို့ သုံးခွမြို့နယ်၊သူဌေးကွင်း ရွာသားတစ်ဦးကပြောပါတယ်။
မတ်လ၁၆ရက်နေ့မနက် အပြန်အလှန်ပစ်ခတ်မှုမှာ သန်လျင်ပကဖ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမဲ့ အဲဒီနေ့မနက်ပိုင်း မှာ ဖားကူးရွာဘက် လူနာတင်ယာဉ်တွေ သွားတာတွေ့ရလို့ စစ် အုပ်စုဝင်တွေ ထိခိုက်မှုရှိနိုင်တယ်လို့ သူကပြောပါတယ်။
ဖားကူးရွာဟာ သန်လျင်အပိုင်၊သန်လျင်နဲ့ ခရမ်းမြို့နယ်ကြားမှာ ရှိပါတယ်။