ကလောအခြေစိုက်တပ်မ ဝင်ပေါက်ဂိတ် ဗုံးနဲ့တိုက်ခိုက်ခံရ၊တစ်ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အင်းပြင်ရွာရှိ အကြမ်းဖက်စစ်အုပ်စု တပ်မဝင်ပေါက် လုံခြုံရေးဂိတ်တဲကို ပြောက်ကျားရဲဘော်တွေက ဗုံးနဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဲဒီဖြစ်စဉ်ကို အကြမ်းဖက်တပ်က သတင်းမပေါက်ကြားအောင် ဖုံးဖိထားပေမဲ့ တပ်တွင်းသတင်းရင်းမြစ်ရဲ့ သတင်းပေးပို့ချက်အရ တစ်ဦး ပြင်းထန်ဒဏ်ရာရတာကို သိရှိခြင်းဖြစ်ကြောင်း အောင်ပန်းမြို့ပြပြောက်ကျား တပ်စုက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အားလုံးဟာ ဒေသအလိုက် စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်လို့ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့အပိုင်းကနေ ကူညီပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။