စစ်အုပ်စုထုတ်ကုန်တွေ ရေလယ်ကျွန်းမှာ လုံးဝမရောင်းဖို့ ထုတ်ပြန်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသမှာ မတ်လ ၂၅ ရက်နောက်ပိုင်း အကြမ်းဖက်စစ်အုပ်စု ထုတ် ကုန်တွေကို လုံးဝရောင်းချခြင်းမပြုကြဖို့ သတိပေးလိုက်ပါတယ်။
ရေလယ်ကျွန်းဒေသက ဈေးဆိုင်၊ စတိုးဆိုင်နဲ့ ဘီယာ၊ အရက်ဆိုင်တွေအနေနဲ့ စစ်အုပ်စုထုတ်ကုန် ဘီယာ၊ ဆေးလိပ်၊ ဆင်းကတ်၊ ဖုန်းဘေလ်နဲ့ ဘိလပ်မြေတို့ကို မတ် ၂၅ ရက်နောက်ပိုင်း သယ်ယူပို့ဆောင်၊ ရောင်းဝယ် ဖောက်ကားခြင်း လုံးဝမပြုဖို့ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု တပ်ရင်း (၃) က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုထုတ်ကုန်တွေကို မတ် ၂၅ ရက်နောက်ပိုင်း ရောင်းဝယ်ဖောက်ကားတဲ့ဆိုင်နဲ့ သယ်ယူပို့ဆောင်တဲ့ ယာဉ် တွေကို တွေ့ရှိပါက ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။