လက်နက် အပြည့်အစုံနဲ့ အလင်းဝင်ရင် ကျပ်သိန်း ၃၀ ချီးမြှင့်မယ်

လက်နက် အပြည့်အစုံနဲ့ အလင်းဝင်လာမယ့် တပ်မတော်သားတွေကို ကျပ်သိန်း ၃၀ ချီးမြှင့်မယ်လို့ တနင်္သာရီ စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူမယ့် တပ်မတော်သားတွေကို တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုလိုက်ပြီး အဲဒီတပ်မတော်သားတွေရဲ့ လုံခြုံရေးကို အထူးအာမခံချက် ပေးတယ်လို့လည်း ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းအတွင်းရှိ တပ်မတော်သားတွေ အနေနဲ့ အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုတပ်မှာ ဆက်လက်တာဝန်မထမ်းတော့ဘဲ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူဖို့လည်း တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဖိတ်ခေါ်ပါတယ်။