မင်းအောင်လှိုင်ကို ICC မှာ အရေးယူနိုင်ဖို့ လက်မှတ်ထိုး လှုပ်ရှားမှုပြုလုပ်နေ

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ အရေးယူနိုင်ဖို့ လက်မှတ်ရေး ထိုးလှုပ်ရှားမှုကို ပြုလုပ်နေပါတယ်။
ဒီလှုပ်ရှားမှုကို Blood Money (သွေးစွန်းငွေ) ကဦးဆောင်ပြုလုပ်နေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)အနေနဲ့ အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့၊ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအပေါ် စာထုတ်တာတွေ ၊အပြောနဲ့ စိုးရိမ်နေတာတွေကို ရပ်ပြီး တကယ် အရေးယူဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
လက်မှတ်ရေးထိုးတာကို အနည်းဆုံး ၁သိန်းခွဲအထိ ရရှိဖို့ ရည်ရွယ်ထားသလို မတ် ၁၅ ရက် ည ၁၂ နာရီကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ထားပါတယ်။
Blood Money (သွေးစွန်းငွေ) အနေနဲ့ လက်မှတ် တစ်သိန်းခွဲပြည့်တဲ့အခါ UNHCR ကို တောင်းဆိုချက်၄ချက် နဲ့အတူ ပေးပို့သွားပါမယ်။
လက်မှတ်ရေးထိုးချင်သူတွေဟာ https://chng.it/6L4DgmCf ကိုဝင်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်