ချောင်းဦးကနေ ထွက်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၁၂ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကို မိုင်းကွင်းအဆင့်ဆင့်ထားပြီးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၂၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ နေ့လည်ပိုင်းက ချောင်းဦးမြို့ကနေ ချောင်းဦးအနောက်ဘက်ခြမ်းရွာတွေဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်တပ်အင်အား ၇၀ လောက်ကို ချောင်းဦး PDF ရဲဘော်တွေက မိုင်းကွင်းအဆင့်ဆင့်နဲ့ မိုင်းဧရိယာ ၆ ခုမြောက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ချောင်းဦး PDF မတ်လ ၁၃ ရက်နေ့ညက ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ဘက်က လက်နက်အင်အား အခိုင်အမာမရှိလို့ ထိုးစစ်မဆင်နိုင်သေးပေမဲ့ စစ်ခွေးတွေ တဖြည်းဖြည်းမျိုးပြုတ်အောင်တော့ ဆော်နိုင်တယ်။ စစ်ကိုင်းတိုင်းမှာ ဘယ်သူတွေမျိုးပြုတ်မလဲဆိုတာ မကြာခင် အဖြေပေါ်လာပါမယ်’ လို့ ချောင်းဦးမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချောင်းဦးအနောက်ဘက်ခြမ်းရွာတွေကို ဝင်ရောက်လုယက်ဖျက်ဆီးဖို့ ထွက်ခွာခဲ့ခြင်း ဖြစ်ပေမဲ့ မိုင်းဆွဲခံရတာကြောင့် ရည်မှန်းချက်အတိုင်း ခရီးမဆက်နိုင်ဘဲ အလောင်းကောက်ပြီး ချောင်းဦးမြို့ထဲ ပြန်လည်ဝင်ရောက်လာတယ်လို့ ချောင်းဦး PDF က ထုတ်ပြန်ပါတယ်။