ဖလမ်းရဲ ၆ ဦး လက်နက်နဲ့အတူ အလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ရိခေါ်ဒါရ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်လာတယ်လို့ သိရပါတယ်။အခုတစ်ပတ်အတွင်း PDF-Zoland နဲ့ ဆက်သွယ်ကာလက်နက်နဲ့အတူ CDM ဝင်လာကြောင်း PDF-Zoland က ယမန်နေ့ညက ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ရဲတပ်ဖွဲ့ဝင် ၆ ဦးထဲမှာ တစ်ဦးက ဒုတပ်ကြပ်ဖြစ်ပြီး ၄ ဦးမှာ တပ်သားအဆင့်ဖြစ်ကာ ကျန်တစ်ဦးရဲ့ ရာထူးကိုတော့ မဖော်ပြထားပါဘူး။အလင်းဝင်ရဲ ၆ ဦးအနက် ၅ ဦးဟာ မတ်လ ၆ ရက်နေ့က CDM ပြုလုပ်ခြင်းဖြစ်ပြီး ကျန်တစ်ဦး CDM လုပ်တဲ့ရက်နဲ့ တခြားအချက်အလက်တွေကို မဖော်ပြထားပါဘူး။
ပုံစာ-ရိခေါ်ဒါရ်မြို့