တနင်္သာရီတိုင်း ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၃ရက်နေ့ ညနေ ၃နာရီလောက်က ပုလဲပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရုံးဝင်းအတွင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံးအတွင်းမှာရှိတဲ့ Non CDM ဝန်ထမ်း ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပုလောမြို့နယ် ထွေအုပ်ရုံးကို ဖေဖော်ဝါရီလ ၁၂ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။