ပုလဲမြို့နယ်အတွင်းတိုက်ပွဲမှာ PDF ၃ဦးကျဆုံးပြီး ၄ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တုံးကန်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ဦးကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မတ်လ ၁၂ရက်နေ့ ညနေ ၃နာရီခန့်မှာ တုံးကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစုနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေ ရှိနိုင်ပေမဲ့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။