နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ ဘတ်ဂျက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးတော့မယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်မှာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အကူအညီပေးမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ PVTV က ဖော်ပြပါတယ်။
အမေရိကန်က ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တယ် လို့ ဆိုပါတယ်။